စာမဖတ်ရင်၊ ပညာရှိမဖြစ်နိုင်ဘူး

Tuesday, July 24, 2012

မြင်ကွင်း


.....ကြက်သွန်ဖြူအကြောင်း.......



ကြက်သွန်ဖြူကို
အီဂျစ်တို့က အင်အားတိုးပွားစေဖို့ ၊
ဂရိ တို့က ၀မ်းနှုတ်ဆေးအဖြစ် ၊
... ဥရောပမှာကျတော့ ပလိပ်ရောဂါဆိုးကြီးကျရောက်ချိန်
ကိုယ်ခံစွမ်းအားမြင့်တက်စေဖို့ ၊
တရုတ်တွေကျပြန်တော့ သွေးပေါင်ကျဆင်းစေဖို့ ၊
ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဆို ရှေ့တန်းဒဏ်ရာရ
ရဲဘော်တွေအတွက် ပဋိဇီဝဆေးအဖြစ် သုံးစွဲတယ်လို့ဆိုပါတယ်။
တိုင်းရင်းဆေးပညာရှင်များကျပြန်တော့ အအေးမိ ၊ နှာစေး ၊ ချောင်းဆိုး ၊ တုပ်ကွေးဖျားနာနဲ့ အခြား
သောကူးစက်ရောဂါတွေအတွက်ကြိုတင်ကာကွယ်မှုကိုကြက်သွန်ဖြူကပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
လေအောင့်လေနာ ၊ သန်ထိုးရောဂါတွေအတွက်လည်း ကြက်သွန်ဖြူကိုဆေးစွမ်းကောင်းတစ်လက်အဖြစ်
သုံးစွဲကြပြန်ပါသေးတယ်တဲ့ခင်ဗျ ။
နောက်ထပ်ကြက်သွန်ဖြူကို သုံးစွဲကြပုံလေးတွေလည်းရှိပါသေးတယ်ခင်ဗျာ။
(၁) အဆီကျ အသားကျစ်စေဖို့

ကြက်သွန်ဖြူ ဥတစ်လုံးကိုနှစ်ချို့ပျားရည်နဲ့စိမ်ပြီးတစ်နေ့တစ်လုံးမှန်မှန်
စားပေးရမယ်ဆိုပါတယ်ခင်ဗျ ။

(၂) ဝမ်းမီးကောင်းစေဖို့

ထမင်းစားပြီး မိနစ်၂၀လောက်အကြာမှာ ကြက်သွန်ဖြူ ဥတစ်လုံးကိုကြိတ်ပြီ ရေနွေးထဲ
ထည့်သောက်ရမယ်ဆိုပဲဗျ ။

(၃) သွေးတိုးကျစေဖို့

ထမင်းစားပြီး ၁၀ မိနစ်အကြာ ဥတစ်လုံး၃လုံး ဒါမှမဟုတ် အမြွှာကြီး ၅တက်လောက်ကို
အစိမ်းလိုက် ညက်အောင်ဝါးပြီး ရေအေးအေးနဲ့သောက်ပေးနိုင်တယ်လို့ဆိုပါတယ်။

(၄) အဆစ်အမြစ်ကိုက်ခဲပါက

ကြက်သွန်ဖြုကို ရှောက် ၊ သံပုရာ အချဉ်တစ်မျိုးမျိုးနဲ့စိမ်ပြီးစားပေးရမယ်ဆိုပါတယ် ။

(၅) အိပ်ပျော်စားဝင်ဖို့

ကြက်သွန်ဖြူ ဥတစ်လုံးကို သွားကြားထိုးတံလေးနဲ့အပေါက်လေးတွေဖောက်ပြီး ပျားရည်မှာစိမ်
နူးရင်တစ်နေ့တစ်လုံးမှန်မှန်စားပေးရုံနဲ့ အိပ်ပျော်စားဝင်တယ်ဆိုပဲ ။

(၆) အားအင်ပြည့်ဖြိုးစေဖို့

ဥတစ်လုံး ၅လုံးလောက်ကို နူးအောင်ပြုတ် ညအိပ်ရာမ၀င်ခင် နွားနို့နဲ့ စားသောက်ပေးမယ်ဆို
ရင် တကယ်အစွမ်းထက်တဲ့ ဆေးတစ်ပါးပါတဲ့ခင်ဗျ ။

(၇) ဝဲစို ၊ ဝဲခြောက်ဖြစ်ရင်

ကြက်သွန်ဖြူကို အုန်းဆီနဲ့ကြိတ်ပြီး လိမ်းပေးနိုင်တယ်လို့ဆိုပါတယ် ။

(၈) အရွယ်မတိုင်ခင် ဆံပင်တွေဖြူနေပြီလား

ကြက်သွန်ဖြူကို မီးအုံးပြီးနှမ်းဆီစစ်စစ်နဲ့ နေ့တိုင်းစားပေးမယ်ဆိုရင် အရွယ်မတိုင်ခင်
ဖြူလာတဲ့ဆံပင်တွေ ပြန်နက်လာဖို့အားကိုးရတယ် ဆိုပဲဗျနော။

(၉) နားကိုက်ပြည်ယိုရင်

ကြက်သွန်ဖြူ ၊ နှမ်းဆီ ၊ လေးညှင်း ဆတူရောစပ် ကြိုချက်လို့ရလာတဲ့ဆေးဆီတစ်နေ့နှစ်ကြိမ်
အစက်ချပေးလို့ရပါတယ်တဲ့ ။ နောက်တစ်နည်းကမုန်ညင်းဆီကို ကြေးဇွန်းမှာထည့်
ကြက်သွန်ဖြူ တစ်လုံး အကွင်းလိုက်လှီးထည့်ပြီး ဇွန်းကို အပူပေး ကြက်သွန်ဖြူမီးကျွမ်းရင်
အဲဒီဆီနဲ့ နားကျပ်ပေးလို့ရပါတယ်တဲ့ ။ ဒီခေတ် ကြေးဇွန်းကတော့ ဘယ်ကရမလဲဗျာ နော ။

(၁၀)ဗိုက်နာရင်

စမုန်နက် ၊ ရှိန်းခို ၊ လင်းနေ ၊ ကြောင်ပန်းရွက် ၊ ကြက်သွန်ဖြူ ဆတူယူ အမှုန့်ကြိတ်
ငရုတ်ကောင်းစေ့အရွယ်ယူပြီး တစ်ကြိမ် ၂လုံး ၃လုံးလောက် စားပေးနိုင်တယ်လို့ဆိုပါတယ် ။

(၁၂)ကိုယ်လက်ညောင်းညာကိုက်ခဲရင်

ဇာတိပ္ဖိုလ် ၊ နှမ်းဆီ ၊ ကြက်သွန်ဖြူ ဆတူရောစပ်ကြိုချက်ပြီးရလာတဲ့ဆေးအဆီကိုနာကျင်
ကိုက်ခဲတဲ့နေရာတစ်နေ့ နှစ်ကြိမ်လိမ်းပေးနိုင်တယ်လို့ဆိုပါတယ်ခင်ဗျ ။

ကြက်သွန်ဖြူ ဥတစ်လုံးနဲ့ ရိုးရိုးကြက်သွန်ဖြူကွာခြားချက်ကတော့.........

ရိုးရိုးကြက်သွန်ဖြူရဲ့ ဂုဏ်နဲ့ စွမ်းရည်

ဆီးကိုရွှင်စေ၏ ။ ဝ ဖြိုးစေ၏ ။ ကာမကိုအားပေး၏ ။ခွန်အားကိုဖြစ်စေ၏ ။
မျက်စိကိုအကျိုးပြု၏ ။ အသက်ကိုရှည်စေ၏ ။သွေးသည်းခြေကိုတိုးပွားစေ၏ ။ လေသလိပ်ကိုနိုင်၏ ။
နှလုံးရောဂါ၊ နာတာရှည်အဖျား ၊ ၀မ်းအောင့်ခြင်း ၊ ချုပ်ခြင်း ၊လေတဂူ ၊ နှုတ်မမြိန်ခြင်း ၊ ချောင်းဆိုး
ခြင်း၊ ရောင်တင်းခြင်း၊ မြင်းသရိုက်၊ နူနာ ၊ ဝမ်းမီးနူး ပိုးရောဂါ ၊ လေရောဂါ စသည်တို့ကိုနိုင်၏။

ဥတစ်လုံးကြက်သွန်ဖြူရဲ့ ဂုဏ်နဲ့စွမ်းရည်

ကာမအားကိုပေး၏။ ထောပတ်နှင့်ဖျော်၍ ပျားရည်နှင့်စားသော် ကာမအားကိုအလွန်အားပေး၏။
သေးငယ်သော အစိတ်အပိုင်းကိုနားတွင်ထားသော် နားကိုက်ပျောက်ကင်း၏။ မြွေ စသော အဆိပ်အမျိုး
မျိုးတို့ကိုကာကွယ်ရန်လည်းအသုံးပြု၏။

ကျွန်တော်ဖတ်မိသလောက် ပြန်မျှပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။


sAiHsUe ရဲ့ပို့စ်လေးပါ
မျှဝေလိုက်ပါတယ်ဗျာ

ဖြစ်တာ.....

ကျုပ်ပြောတာ ခင်ဗျားတို့ သည်းခံနိုင်ချင်မှ သည်းခံနိုင်လိမ့်မယ်

ကိုယ့်အမျိုးကို ကိုယ်မစောင့်ထိန်းရင် ဘယ်သူကများ လာပြီးထိန်းသိမ်းမှာလည်း ကျုပ်ပြောမယ် အထူးသဖြင့်မြန်မာမိန်းကလေးတွေကိ
ု ကျုပ် ပြောပြချင်တယ်ဗျာ
တခြားနိုင်ငံတွေက အကြမ်းနည်းနဲ့ နယ်မချဲ့တော့ဘူးဗျ ဦးဏှောက်ထွင်း
တဲ့ခေတ်ဖြစ်နေပြီ ခင်ဗျားတို့ကျုပ်တို့နိုင်ငံ လူမျိုး၊ ယဉ်ကျေးမှု၊ဘာသာတရား၊စတာတွေ အပျောက်အရှ အဆုံးအရှုံးခံနိုင်တယ်ဆိုရင်တော့ ဒီအတိုင်း...သာ ဆက်နေသွားကြပါ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကိုချစ်တယ် မြတ်နိုး
တန်ဖိုးထားတယ်ဆိုရင် မြန်မာလိုနေ မြန်မာလိုကျင့် ကြပါ

နို့ပေမယ့်ပေါ့ဗျာ အခြေအနေအချိန်အခါတော့ရှိတာပေါ့ ခုဟာကဗျာ
အဲ့ဒီ အခြေအနေအချိန်အခါဆိုတာတောင် မရှိကြတော့ဘူး မသိကျိုးကျွန်
နေနေကြတာ မကောင်းဘူးဗျာ အိပ်လည်း ဒီအတိုင်း စားလည်း ဒီအတိုင်း
သွားလည်းဒီအတိုင်း ဘယ်လိုလုပ်ပြီး ကျုပ်တို့က မြန်မာလူမျိုးလို့ ပြောရင်
ယုံကြည်ကြတော့မှာလည်းဗျ ။

ကျုပ်တို့မြန်မာတွေ မြန်မာလိုပဲ နေစေ့ချင်တယ်ဗျာ

‎***မာနဟူသည် (ကျိုးပဲ့အက်ကွဲခြင်းသတ်သတ်)***

မြတ်နိုးယုယ ကြင်နာစွာ

မွေးမြူထားတာပါ

ဘယ်သို့သောသူကိုမှ

မပေးအပ်ခဲ့ဘူး

သူဟာ ငါ့အသက်လိုပဲလေ ။

အခုတော့ - - - - - - - - - -

ယဉ်ပါးသွားတဲ့မြွေတစ်ကောင်လို

အလမ္မာဆရာရှေ့မှောက်

ပြားပြားဝပ် ခစားလို့

သူ့အရောင်တွေပြောင်း

ပြီးတော့ - - -

ကိုယ်မြတ်နိုးတဲ့ အလှတရားဆီ

ခိုလှုံဝပ်ဆင်းသွားတယ် ။

ထိပ်ထားရယ်

ငါ့အိပ်မက်ထဲမှာလေ

မင်းက သူ့ကိုယုယနေတာ

သူကလည်း သာယာမိန်းမောလို့

ကြောင်လေးတစ်ကောင်လို

ပွတ်သပ်တွယ်ကပ်နေတယ် ။

`ရွှေရည်စိမ်အပြုံး´

တိုအပြုံးနဲ့အတူ

ကိုယ့်ခန္စာတ၀ိုက်မှာ

သံယောဇဉ်မျှင်တန်းတွေ ရစ်ဖွာလို့ - - - - - - -

မင်းဟာ နှင်းဆီ

ဆူးတွေဝိုင်းရံထားသော နှင်းဆီ

မြင်ပါတယ်

နို့ပေမယ့် မတတ်နိုင်ဘူးထိပ်ထားရယ်

`တစ်ခုကို လိုချင်လို့

တစ်ခုကိုစွန့်လွှတ်ရတာ´လို့ပဲ

သဘောပိုက်လိုက်ပါတယ် ။

အရင်က

ဟိုးးးး အရင်က

သူနဲ့ငါဟာ အတူတကွ

ခေါင်းမော့ရင်ကော့လို့

ဂရုမစိုက်စွာ လျှောက်လှမ်းခဲ့ကြ - - - ။

အခုတော့

သူလည်း ကျိုးပဲ့

ငါလည်း အက်ကွဲ

မင်းရဲ့ဆူး(နှင်းဆီ)၀င်္ကပါထဲ

အထိအရှတွေနဲ့ သိကျွမ်းခဲ့ရ ။

ဒီလိုနဲ့ပဲ

ငါ ကြည်နူးလို့နေပါ့မယ်

ချစ်သော - - - နှင်းဆီရယ် ။ ။

မောင်လမင်း
See More

မောင်စစ်သွေး

ရှေးကမျိုးချစ်၊ ရဲဘော်စစ်"မြေး"

မောင်စစ်သွေးကို

စာဆိုစစ်သည်၊ အာဇာနည်"သား"

ယောက်ျားပီသူ၊ ဘိုး,ဖေတူသော

လူတော်ဖြစ်အောင်၊ လမ်းပြဆောင်လို့ 

သားမောင် ကျေးဇူးတင်ပါတယ်....။