မြင်ကွင်း
လက်ပံတပင်
... ရှင်သန်ကြီးထွား
ငါ့ပြတင်းမှ မြင်ကွင်းအား
ဆီးတားပိတ်ဆို့မှောင်။
လာဟေ့ ပေါက်တူး
လာဟေ့ ငမန်း
လာဟေ့ ဓားမ
လှဲလိုက်ကြစို့
တိမ်တွေလှတာ ကြည့်ရအောင်။
ကိုလေး (အင်းဝဂုဏ်ရည်)
စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်
ပျို့သစ်
လေတ၀ုန်းဝုန်း
လှိုင်းလုံးအုံကြွ
မြစ်မရူးပြီ …
စူးနာနာ ထိုး
ကြိုးနာနာ ချည်
သည်လိုပင်လျက်
ကူးတို့ငှက်တို့
မြောက်တက်ခုန်ပေါက်
လေပြင်းနောက်သို့
ကောက်ကောက်ပါအောင် လိုက်မည်ပြင် …
မင်မည်းအရောင်
အနောက်တောင်က
တိမ်မှောင်နိမ့်ဆင်း
မိုးပြင်းကြီးရွာ
ပြေးလို့လာပေါ့ …
လျှပ်စစ်အလင်း
ဝင်းကနဲ ပြက်၊ လက်ကနဲ စူး
ဘီလူးအော်သံ မိုးလုံးညံရော …
ဘယ်မလဲ နေ၊ မိုးနဲ့လေချည်း
နေ့ ငွေရောင်ဖြူ
ပြူနိုး ပြူနိုး မျှော်လင့်ခိုးလည်း
မိုးကြောင့် မိုးကြီးချုပ်ခဲ့ပြီ။
နေရောင်အပျောက်၊ ရေတောင်မောက်တယ်
လေနှောက်မိုးသည်း၊ ဟည်းတဲ့လှိုင်းများ
စည်းသားထားပေါ့။
ဘလ္လာတိယ ပျို့မှစာလို
ကိန္နရာဖို ငိုတဲ့ရသ
ခံစားရရဲ့
မြစ်မရူးပြီ မောင်ရူးပြီ ခင်။
ကိုလေး (အင်းဝဂုဏ်ရည်)
၃၀.၅.၈၁၊ သဘင်
တောဘူတာ
ဆိုင်းဘုတ်ပဲကား
ယိုင်ရွဲ့ ယိုင်ရွဲ့ …
ပျံတဲ့ငှက်များ ခိုနားဓာတ်ကြိုး
ဖြုတ်ခိုး ပြတ်တောက် …
တမာပင်အောက်
ချွေးပေါက်တသောင်း …
ကွပ်ပျစ်ဟောင်းတွင်
ခြေညောင်းလက်ဆန့်
ငံ့မျှော်စိတ်လေး …
နွားဈေး စပါးဈေး
ဈေးနှုန်းအကြောင်း
တဘက်ပေါင်း လူများ
စကားဝိုင်းဖွဲ့ …
အကြော်ကုန်ပြီ
နို့ဆီမလောက်
ကောက်ညှင်းမကျန်
အစီခံ ဒူးယား
နဂါးအထိ မရှိ …
တောင်လေပူသည်
ဖုန်ယူလာ၏
မျက်စိဒုက္ခ
ဒုက္ခ ဒုက္ခ …
အရှေ့က နေ
အနောက် ရွေ့လည်း
အခြေ မပျက် …
မနက် နေ့ ည
မြို့မှ တောကို
(တောမှ မြို့ကို)
ကြိုဆို သယ်သွား
မီးရထားရယ်
ဘယ်များ သွားနေပြီလဲကွယ်။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၁၀.၅.၇၅၊ ရုပ်ရှင်မျက်မှန်
မောင်တိုင်ပင်
လှံသွား ထောင်ထောင်
ဓားရောင် ဖွေးဖွေး
မြွေပွေး ခွေခွေ
ဆူးလေ ကြဲကြဲ
လရောင်မထိုး ညရောင်ပျိုး
ရအောင်ခိုးမယ့် ယောက်ျားပါဗျာ့။
ထမင်းတစ်လုတ် အပျင်းမဟုတ်လို့
ထင်းခုတ်ကျွေးမယ့် ယောက်ျားပါဗျာ့။
တစ်သက်မငတ်ရေး မရှက်တတ်သေး
ငှက်ခတ်ကျွေးမယ့် ယောက်ျားပါဗျာ့။
ကြံရင်းဖန်ရင်း ဉာဏ်မဖျင်း
ခြံရှင်းကျွေးမယ့် ယောက်ျားပါဗျာ့။
မနောမယုတ် သဘောမပုပ်
အပြောအလုပ်ညီတဲ့ ယောက်ျားပါဗျာ့။
အရက် ဖဲ ရှောင်၊ ကတ် မဆွဲပေါင်
ကြက်ပွဲတောင်မှ မကြည့်ဘူးဗျာ့။
ယောက္ခမ အရိုး၊ ယောက်ဖဆိုးတို့
နောက်မှတိုးလို့ ချစ်တော်မူဗျာ့။
လှံသွား ထောင်ထောင်
ဓားရောင် ဖွေးဖွေး
မြွေပွေး ခွေခွေ
ဆူးလေ ကြဲကြဲ
တစ်ချီတစ်ပွဲ နွှဲလိုက်ကြစို့
သူငယ်ချင်းကောင်း ရောင်းရင်းကတို့။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၆.၉.၈၃၊ ပေဖူးလွှာ
အမျှ
လှေရယ် …
လှော်သားနဲ့ မပြေး
ဘယ်အရေးကြောင့်ပါလိမ့်ကွယ်
ချစ်သူမဟုတ်
အသားနဲ့လုပ်
သြော် … ကစားတဲ့ အရုပ်တဲ့
ဇာတ်ထုပ်ကို ဖြေပြတယ်
အံ့ဖွယ်ပ အံ့ဖွယ်ပ …
ရွှေစာလုံးတွေနဲ့
သားရေဖုံးပါလို့
ပြည်လုံးကျော် စာအုပ်ကြားဆီက
ဘုန်းဘုရား မန်လည်ရဲ့
ဉာဏ်အဆီ ဉာဏ်ကြည်ကို ရခဲ့တော့
ကြာဖက်တွင် ရေမတင် လျှောကာ ကျသလိုပေါ့
ဒဏ်ရာကို လှန်ကာ လှန်ကာ မပြတော့ပါဘု
သူ့ကျွန်းမှာ သာတဲ့လရေ
အမျှ အမျှ အမျှ။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
ရှုမဝ
ကြောက်တယ်
ကျောင်းနားမှာ ကန်
ကန်နားမှာ မြက်
မြက်နားမှာ နွား
နွားနားမှာ ပလွေ
ကျူတယ်လေ့လေ ကျူတယ်လေ့လေ။
ကျောင်းနားမှာ ကန်
ကန်နားမှာ အိုး
အိုးနားမှာ ကြာ
ကြာနားမှာ လူ
ပူတယ်လေ့လေ ပူတယ်လေ့လေ။
ကျောင်းနားမှာ ကန်
ကန်နားမှာ တော
တောနားမှာ ချုံ
ချုံနားမှာ အမေ
ဆူမယ်လေ့လေ ဆူမယ်လေ့လေ။
ပလွေဆရာ
အမေပါတယ်
မနေသာဘူး ပြန်တော့မယ်။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၁၅.၂.၁၉၈၅၊ စံပယ်ဖြူSee More
လက်ပံတပင်
... ရှင်သန်ကြီးထွား
ငါ့ပြတင်းမှ မြင်ကွင်းအား
ဆီးတားပိတ်ဆို့မှောင်။
လာဟေ့ ပေါက်တူး
လာဟေ့ ငမန်း
လာဟေ့ ဓားမ
လှဲလိုက်ကြစို့
တိမ်တွေလှတာ ကြည့်ရအောင်။
ကိုလေး (အင်းဝဂုဏ်ရည်)
စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်
ပျို့သစ်
လေတ၀ုန်းဝုန်း
လှိုင်းလုံးအုံကြွ
မြစ်မရူးပြီ …
စူးနာနာ ထိုး
ကြိုးနာနာ ချည်
သည်လိုပင်လျက်
ကူးတို့ငှက်တို့
မြောက်တက်ခုန်ပေါက်
လေပြင်းနောက်သို့
ကောက်ကောက်ပါအောင် လိုက်မည်ပြင် …
မင်မည်းအရောင်
အနောက်တောင်က
တိမ်မှောင်နိမ့်ဆင်း
မိုးပြင်းကြီးရွာ
ပြေးလို့လာပေါ့ …
လျှပ်စစ်အလင်း
ဝင်းကနဲ ပြက်၊ လက်ကနဲ စူး
ဘီလူးအော်သံ မိုးလုံးညံရော …
ဘယ်မလဲ နေ၊ မိုးနဲ့လေချည်း
နေ့ ငွေရောင်ဖြူ
ပြူနိုး ပြူနိုး မျှော်လင့်ခိုးလည်း
မိုးကြောင့် မိုးကြီးချုပ်ခဲ့ပြီ။
နေရောင်အပျောက်၊ ရေတောင်မောက်တယ်
လေနှောက်မိုးသည်း၊ ဟည်းတဲ့လှိုင်းများ
စည်းသားထားပေါ့။
ဘလ္လာတိယ ပျို့မှစာလို
ကိန္နရာဖို ငိုတဲ့ရသ
ခံစားရရဲ့
မြစ်မရူးပြီ မောင်ရူးပြီ ခင်။
ကိုလေး (အင်းဝဂုဏ်ရည်)
၃၀.၅.၈၁၊ သဘင်
တောဘူတာ
ဆိုင်းဘုတ်ပဲကား
ယိုင်ရွဲ့ ယိုင်ရွဲ့ …
ပျံတဲ့ငှက်များ ခိုနားဓာတ်ကြိုး
ဖြုတ်ခိုး ပြတ်တောက် …
တမာပင်အောက်
ချွေးပေါက်တသောင်း …
ကွပ်ပျစ်ဟောင်းတွင်
ခြေညောင်းလက်ဆန့်
ငံ့မျှော်စိတ်လေး …
နွားဈေး စပါးဈေး
ဈေးနှုန်းအကြောင်း
တဘက်ပေါင်း လူများ
စကားဝိုင်းဖွဲ့ …
အကြော်ကုန်ပြီ
နို့ဆီမလောက်
ကောက်ညှင်းမကျန်
အစီခံ ဒူးယား
နဂါးအထိ မရှိ …
တောင်လေပူသည်
ဖုန်ယူလာ၏
မျက်စိဒုက္ခ
ဒုက္ခ ဒုက္ခ …
အရှေ့က နေ
အနောက် ရွေ့လည်း
အခြေ မပျက် …
မနက် နေ့ ည
မြို့မှ တောကို
(တောမှ မြို့ကို)
ကြိုဆို သယ်သွား
မီးရထားရယ်
ဘယ်များ သွားနေပြီလဲကွယ်။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၁၀.၅.၇၅၊ ရုပ်ရှင်မျက်မှန်
မောင်တိုင်ပင်
လှံသွား ထောင်ထောင်
ဓားရောင် ဖွေးဖွေး
မြွေပွေး ခွေခွေ
ဆူးလေ ကြဲကြဲ
လရောင်မထိုး ညရောင်ပျိုး
ရအောင်ခိုးမယ့် ယောက်ျားပါဗျာ့။
ထမင်းတစ်လုတ် အပျင်းမဟုတ်လို့
ထင်းခုတ်ကျွေးမယ့် ယောက်ျားပါဗျာ့။
တစ်သက်မငတ်ရေး မရှက်တတ်သေး
ငှက်ခတ်ကျွေးမယ့် ယောက်ျားပါဗျာ့။
ကြံရင်းဖန်ရင်း ဉာဏ်မဖျင်း
ခြံရှင်းကျွေးမယ့် ယောက်ျားပါဗျာ့။
မနောမယုတ် သဘောမပုပ်
အပြောအလုပ်ညီတဲ့ ယောက်ျားပါဗျာ့။
အရက် ဖဲ ရှောင်၊ ကတ် မဆွဲပေါင်
ကြက်ပွဲတောင်မှ မကြည့်ဘူးဗျာ့။
ယောက္ခမ အရိုး၊ ယောက်ဖဆိုးတို့
နောက်မှတိုးလို့ ချစ်တော်မူဗျာ့။
လှံသွား ထောင်ထောင်
ဓားရောင် ဖွေးဖွေး
မြွေပွေး ခွေခွေ
ဆူးလေ ကြဲကြဲ
တစ်ချီတစ်ပွဲ နွှဲလိုက်ကြစို့
သူငယ်ချင်းကောင်း ရောင်းရင်းကတို့။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၆.၉.၈၃၊ ပေဖူးလွှာ
အမျှ
လှေရယ် …
လှော်သားနဲ့ မပြေး
ဘယ်အရေးကြောင့်ပါလိမ့်ကွယ်
ချစ်သူမဟုတ်
အသားနဲ့လုပ်
သြော် … ကစားတဲ့ အရုပ်တဲ့
ဇာတ်ထုပ်ကို ဖြေပြတယ်
အံ့ဖွယ်ပ အံ့ဖွယ်ပ …
ရွှေစာလုံးတွေနဲ့
သားရေဖုံးပါလို့
ပြည်လုံးကျော် စာအုပ်ကြားဆီက
ဘုန်းဘုရား မန်လည်ရဲ့
ဉာဏ်အဆီ ဉာဏ်ကြည်ကို ရခဲ့တော့
ကြာဖက်တွင် ရေမတင် လျှောကာ ကျသလိုပေါ့
ဒဏ်ရာကို လှန်ကာ လှန်ကာ မပြတော့ပါဘု
သူ့ကျွန်းမှာ သာတဲ့လရေ
အမျှ အမျှ အမျှ။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
ရှုမဝ
ကြောက်တယ်
ကျောင်းနားမှာ ကန်
ကန်နားမှာ မြက်
မြက်နားမှာ နွား
နွားနားမှာ ပလွေ
ကျူတယ်လေ့လေ ကျူတယ်လေ့လေ။
ကျောင်းနားမှာ ကန်
ကန်နားမှာ အိုး
အိုးနားမှာ ကြာ
ကြာနားမှာ လူ
ပူတယ်လေ့လေ ပူတယ်လေ့လေ။
ကျောင်းနားမှာ ကန်
ကန်နားမှာ တော
တောနားမှာ ချုံ
ချုံနားမှာ အမေ
ဆူမယ်လေ့လေ ဆူမယ်လေ့လေ။
ပလွေဆရာ
အမေပါတယ်
မနေသာဘူး ပြန်တော့မယ်။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၁၅.၂.၁၉၈၅၊ စံပယ်ဖြူSee More
No comments:
Post a Comment