စာမဖတ်ရင်၊ ပညာရှိမဖြစ်နိုင်ဘူး

Tuesday, July 24, 2012

‎***မာနဟူသည် (ကျိုးပဲ့အက်ကွဲခြင်းသတ်သတ်)***

မြတ်နိုးယုယ ကြင်နာစွာ

မွေးမြူထားတာပါ

ဘယ်သို့သောသူကိုမှ

မပေးအပ်ခဲ့ဘူး

သူဟာ ငါ့အသက်လိုပဲလေ ။

အခုတော့ - - - - - - - - - -

ယဉ်ပါးသွားတဲ့မြွေတစ်ကောင်လို

အလမ္မာဆရာရှေ့မှောက်

ပြားပြားဝပ် ခစားလို့

သူ့အရောင်တွေပြောင်း

ပြီးတော့ - - -

ကိုယ်မြတ်နိုးတဲ့ အလှတရားဆီ

ခိုလှုံဝပ်ဆင်းသွားတယ် ။

ထိပ်ထားရယ်

ငါ့အိပ်မက်ထဲမှာလေ

မင်းက သူ့ကိုယုယနေတာ

သူကလည်း သာယာမိန်းမောလို့

ကြောင်လေးတစ်ကောင်လို

ပွတ်သပ်တွယ်ကပ်နေတယ် ။

`ရွှေရည်စိမ်အပြုံး´

တိုအပြုံးနဲ့အတူ

ကိုယ့်ခန္စာတ၀ိုက်မှာ

သံယောဇဉ်မျှင်တန်းတွေ ရစ်ဖွာလို့ - - - - - - -

မင်းဟာ နှင်းဆီ

ဆူးတွေဝိုင်းရံထားသော နှင်းဆီ

မြင်ပါတယ်

နို့ပေမယ့် မတတ်နိုင်ဘူးထိပ်ထားရယ်

`တစ်ခုကို လိုချင်လို့

တစ်ခုကိုစွန့်လွှတ်ရတာ´လို့ပဲ

သဘောပိုက်လိုက်ပါတယ် ။

အရင်က

ဟိုးးးး အရင်က

သူနဲ့ငါဟာ အတူတကွ

ခေါင်းမော့ရင်ကော့လို့

ဂရုမစိုက်စွာ လျှောက်လှမ်းခဲ့ကြ - - - ။

အခုတော့

သူလည်း ကျိုးပဲ့

ငါလည်း အက်ကွဲ

မင်းရဲ့ဆူး(နှင်းဆီ)၀င်္ကပါထဲ

အထိအရှတွေနဲ့ သိကျွမ်းခဲ့ရ ။

ဒီလိုနဲ့ပဲ

ငါ ကြည်နူးလို့နေပါ့မယ်

ချစ်သော - - - နှင်းဆီရယ် ။ ။

မောင်လမင်း
See More

No comments:

Post a Comment